learn more in less time
(၁၅) မိနစ်နဲ့ စာအုပ်တစ်အုပ်စာ
အသိပညာ ရယူလိုက်ပါ။
ကမ္ဘာ့အကောင်းဆုံး Non-Fiction စာအုပ်တွေထဲက အဖိုးတန်အိုင်ဒီယာတွေကို လက်တွေ့ဘဝမှာ အသုံးချနိုင်စေဖို့ မြန်မာဘာသာနဲ့ စုစည်းထည့်သွင်းပေးထားပါတယ်။
တစ်နှစ်စာ ၅၀,၀၀၀ ကျပ်။
အက်ပ်ထဲက အစစ်အမှန် မျက်နှာပြင်
အခက်အခဲများ
ဘာအခက်အခဲတွေ ရှိနေလဲ?
- အလုပ်မအားလို့ အချိန်မရှိလို့ စာမဖတ်ဖြစ်တာလား?
- ဖတ်ချင်တဲ့ စာအုပ်တွေက English ဘာသာနဲ့ ဖြစ်နေလို့လား?
- အသိပညာသစ်တွေ ရယူချင်ပေမဲ့ သင်တန်းခတွေ ဈေးကြီးတာကြောင့်လား?
အချိန် အများကြီး ပေးစရာမလို ➡︎ ငွေကုန်ကြေးကျလည်း မများဘဲ ➡︎ လက်တွေ့ဘဝအတွက် အသုံးဝင်တဲ့ အသိပညာတွေကို ➡︎ မြန်မာဘာသာနဲ့ လွယ်လင့်တကူ လေ့လာလို့ရမဲ့ ➡︎ Reader’s Paradise App ရှိနေပါတယ်။
Features
စာဖတ်အတွေ့အကြုံသစ် (၆) ခု
ထူးခြားတဲ့ Features တွေကို အောက်မှာ တစ်ခါတည်း စမ်းသုံးကြည့်လိုက်ပါ။
အသံစာအုပ်များ — နားထောင်ရင်း သင်ယူလို့ရ
သွားရင်းလာရင်း ကားပေါ်မှာ ဖြစ်စေ၊ အိမ်မှာ ချက်ပြုတ်နေရင်း ဖြစ်စေ၊ လေ့ကျင့်ခန်း လုပ်ရင်း ဖြစ်စေ၊ ဖွင့်နားထောင်ပြီး အချိန်တွေကို အကျိုးရှိစွာ ကုန်ဆုံးလိုက်ပါ။ စာအုပ်တိုင်းမှာ အသံဖိုင် ပါဝင်ပါတယ်။
စာအုပ်တိုင်းမှာ အသံဖိုင် အပြည့်အစုံ ပါဝင်ပါတယ်။
Habits
အဓိကသော့ချက်များ — (၁၅) မိနစ်နဲ့ စာတစ်အုပ်
အလုပ်များသူမို့ မူရင်း စာအုပ်တစ်အုပ်လုံး ဖတ်ဖို့ မအားလပ်ဘူး ဖြစ်နေပါသလား။ စာအုပ်ထဲက အဓိက အဆီအနှစ်တွေကို အချိန်တိုအတွင်း ရသွားစေဖို့ မြန်မာဘာသာနဲ့ Key Points တွေ ထုတ်ပေးထားပါတယ်။
စာမျက်နှာ ၃၂၀ → သော့ချက် ၇ ချက် → ၁၆ မိနစ်။
အဓိကသော့ချက် ၇ ချက် · ခေါင်းစဉ်ကို နှိပ်ပြီး အပြည့်အစုံ ဖတ်ပါ
အလေ့အကျင့်ဆိုတာ ဘယ်လောက်ပဲ သေးငယ်နေပါစေ သင့်ဘဝတစ်ခုလုံးပေါ် အကျိုးသက်ရောက်မှု အများကြီး ဖြစ်စေနိုင်ပါတယ်။
သင့်အနေနဲ့ လော့အိန်ဂျလိကနေ နယူးယောက်ကို လေယာဉ်စီးပြီး သွားမယ်ဆိုပါစို့။ လေယာဉ်မှူးက အချက်အလက်တွေကို လေယာဉ် ကွန်ပြူတာမှာ ရိုက်ထည့်ပြီးလို့၊ လေယာဉ်ကလဲ နယူးယောက်ကို ဦးတည်နေချိန်။ အဲဒီလို လေယာဉ်တက်ပြီး သိပ်မကြာခင် လေယာဉ်မှူးဟာ လေယာဉ်လမ်းကြောင်းကို မဆိုစလောက်ကလေး ပြောင်းမိသွားတယ်ဆိုပါစို့။ သူ ပြောင်းမိလိုက်တာက ၃.၅ ဒီဂရီ၊ ဘာဆိုဘာမှ မပြောပလောက်တဲ့ ပမာဏ။ လေယာဉ် ထိပ်စွန်းက မသိမသာနည်းနည်းလေး ပြောင်းသွားမယ်။ ဒါကို လေယဉ်မှူးရော၊ ခရီးသည်တွေပါ သတိမထားမိမှာ မဟုတ်ပါ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုကို ဖြတ်ကျော်လာတဲ့ခရီးမှာ ဒီပြောင်းလဲမှု သေးသေးလေးက ပြောင်းလဲမှုကြီးတစ်ခု ဖြစ်သွားစေပါလိမ့်မယ်။ လေယာဉ်မှူးအပါအဝင် ခရီးသည်အားလုံး တအံ့တဩ ဖြစ်သွားကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခရီးအဆုံးက နယူးယောက်မြို့ မဟုတ်ဘဲ ဝါရှင်တန်ဒီစီ ဖြစ်နေမှာကြောင့်ပါ။
ဒီလေယာဉ်မှူးလိုပဲ၊ ကျွန်တော်တို့ဘဝမှာ ပြောင်းလဲမှုသေးသေးလေးလေးတွေကို ကျွန်တော်တို့ သတိမထားမိကြပါဘူး။ သေးငယ်တဲ့ ပြောင်းလဲမှုတွေက သိသာတဲ့ အကျိုးသက်ရောက်မှု ချက်ချင်း မပေးနိုင်လို့ပါ။ ဥပမာ၊ “ဒီနေ့ လေ့ကျင့်ခန်းလုပ်၊ ဒီနေ့ဝိတ်ကျ” ဆိုတာက မဖြစ်နိုင်ပါဘူး။ ညစာအတွက် အစားအများကြီး စားလဲ၊ ညတွင်းချင်း ဝိတ်တက်မလာနိုင်ပါဘူး။
ဒါပေမဲ့ ဒီအရာကလေးတွေကို နေ့စဉ်နဲ့အမျှ ထပ်တလဲလဲ လုပ်နေမယ်ဆိုရင်တော့ ပေါင်းစုမိတဲ့ရလဒ်တစ်ခုတော့ ရလာမှာပါ။ ဝိတ်တက်မဲ့ အစာတွေ နေ့တိုင်းစားရင် တစ်နှစ်လောက် ကြာလာတဲ့အခါ သင့်ခန္ဓာကိုယ် အရင်ကထက် ဝိတ်တက်လာတာကို တွေ့ရပါလိမ့်မယ်။ မိနစ် ၂၀လောက် နေ့တိုင်းပြေးခြင်းက သင့်ခန္ဓာကိုယ်ကို တဖြည်းဖြည်း ကျစ်လျစ်လာစေပါလိမ့်မယ်။ ဒီပြောင်းလဲမှုတွေကို သင့်အနေနဲ့ သတိထားမိချင်မှ ထားမိပါလိမ့်မယ်။
သေးငယ်တဲ့ အလေ့အကျင့်လေးတွေက သင့်ဘဝကို အကျိုးသက်ရောက်မှု အများကြီး ပေးနိုင်ပါတယ်။ လက်တွေ့လုပ်နေတဲ့အချိန်မှာ အကျိုးသက်ရောက်မှုက မသိသာပေမဲ့ အချိန်အတိုင်းအတာတစ်ခု ရောက်တဲ့အခါ သိသာတဲ့ရလဒ်ကို မြင်တွေ့ရမှာပါ။ သို့တိုင်အောင်၊ အားစိုက်ထုတ် လုပ်ပေမဲ့ လက်ငင်းအကျိုးသက်ရောက်မှု မရတဲ့အခါ စိတ်ဓာတ်ကျတာတွေ ရှိတတ်ပါတယ်။ ဒီလိုစိတ်ဓာတ်ကျတာတွေ မဖြစ်ဖို့ဆိုရင် လက်ရှိရလဒ်ထက် လက်ရှိလမ်းကြောင်းကိုသာ အာရုံစိုက်သင့်ပါတယ်။
ဥပမာ - ဘဏ်မှာ ပိုက်ဆံနည်းနည်းနဲ့ အကောင့်ဖွင့်ထားတယ်ဆိုပါစို့။ လတိုင်း သင် တတ်နိုင်သလောက် အကောင့်ထဲထည့်ပါ။ လက်ရှိမှာ ငွေပမာဏ အများကြီးမဟုတ်ပေမဲ့ သင် သွားတဲ့လမ်းကြောင်း မှန်တယ်ဆိုတာကို ယုံကြည်ချက်ရှိရှိ လက်ခံထားပါ။ သင့်ဦးတည်ချက်အတိုင်း ရှေ့ဆက်သွားပါက နှစ်အနည်းငယ်အတွင်း၊ လအနည်းငယ်အတွင်း တော်တော်လေး စုဆောင်းမိလာတာကို တွေ့ရပါလိမ့်မယ်။
အလေ့အကျင့်ဆိုတာ ကျွန်တော်တို့ အတွေ့အကြုံတွေကနေ သင်ယူထားတဲ့ အလိုလျောက် အပြုအမူတွေသာ ဖြစ်ပါတယ်။
မှောင်နေတဲ့အခန်းထဲ ဝင်သွားတဲ့အခါ ဘာကိုမှ မစဉ်းစားဘဲ မီးခလုတ်ဆီ အလိုလျောက် လျှောက်သွားပြီး မီးဖွင့်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါ အလေ့အကျင့်ရဲ့သဘောပါပဲ။ အပြုအမူတစ်ခုကို ထပ်ခါထပ်ခါလုပ်ရင်း အချိန်ကြာလာတဲ့အခါ ဒါက အလိုလျောက် လုပ်တတ်တဲ့ အလေ့အကျင့် တစ်ခု ဖြစ်လာပါတယ်။ သွားတိုက်တာကစလို့ ကားမောင်းတဲ့အထိ ဒီလိုမျိုး အလေ့အကျင့်တွေက ကျွန်တော်တို့ဘဝကို လွှမ်းမိုးလျက်ရှိပါတယ်။ ပြီးတော့ ဒီလိုအလေ့အကျင့်တွေက အင်မတန် အားကောင်းပါတယ်။
ဒါဆို ဒီလိုအလေ့အကျင့်တွေ ဘယ်လို ဖြစ်လာတာပါလဲ။
၁၉ ရာစုနှစ်မှာ၊ စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ အက်ဒ်ဝပ် သွန်းဒိုက် (Edward Thorndike) က ဒီမေးခွန်းကို ဖြေထားပါတယ်။ သူက ကြောင်အနည်းငယ်ကို မှောင်နေတဲ့ပုံးထဲ ထည့်လိုက်ပါတယ်။ အဲဒီနောက် ကြောင်တွေ လွတ်မြောက်ဖို့ ဘယ်လောက်ကြိုးစားရသလဲ သိဖို့ ကြာချိန်ကို မှတ်ပါတယ်။ အစမှာတော့ မှောင်မဲနေတဲ့ ပုံးထဲမှာ ကြောင်တွေက ဟိုကုတ် ဒီခြစ်နဲ့ လွတ်မြောက်ဖို့လမ်းစကို အသည်းအသန် ရှာကြတာပါ။ ဒီလို ကုတ်ခြစ်ရင်း တဖြည်းဖြည်းနဲ့ ခလုတ်ကိုတွေ့သွားပြီး နှိပ်လိုက်တဲ့အခါ ပုံးက ပွင့်လာပြီး သူတို့လွတ်လမ်းကို တွေ့သွားကြပါတယ်။
သွန်းဒိုက်က ကြောင်တွေကို ပြန်ဖမ်း၊ ပုံးထဲပြန်ထည်နဲ့ အကြိမ်ကြိမ် စမ်းသပ်ခဲ့ပါတယ်။ အဲဒီလို စမ်းသပ်ရင်း ကြောင်တွေအနေနဲ့ ဒီဖြစ်စဉ်ကို အသားကျလာပြီး ၆ စက္ကန့်အတွင်း ခလုတ်ကို ရှာနိုင်လာတာကို တွေ့ရပါတယ်။ တနည်းပြောရရင် ဒီစမ်းသပ်ချက်က ကြောင်တွေအတွက် အလေ့အကျင့် တစ်ခုလို ဖြစ်သွားတာပါ။
အလေ့အကျင့်တစ်ခုမှာ အဆင့် ၄ ဆင့် ရှိပါတယ်။ ပထမအဆင့် - လုပ်ဖို့ အစပြုပေးတဲ့ အရာ ဖြစ်ပါတယ်။ ဥပမာ - မှောင်နေတဲ့ အခန်းထဲကို ဝင်တဲ့အခါ၊ မီးခလုတ်ရှိရာဆီ သွားမိတာမျိုးပါ။ ဒုတိယအဆင့်က အခြေအနေကို ပြောင်းလဲဖို့ အာသီသရှိခြင်း ဖြစ်ပါတယ်။ ခုနက ဥပမာနဲ့ ဆက်ရရင်၊ မှောင်နေတာကနေ လင်းအောင် လုပ်ချင်တဲ့ဆန္ဒ ဖြစ်တာမျိုးပါ။ တတိယအဆင့်က တုံ့ပြန်ခြင်း ဒါမှမဟုတ် လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဥပမာ၊ မီးခလုတ်ကို ဆတ်ခနဲ နှိပ်ဖွင့် လိုက်တာမျိုးပါ။ အလေ့အကျင့်တိုင်းရဲ့ နောက်ဆုံးပန်းတိုင်ကတော့ အဲဒီဖြစ်စဉ်ရဲ့ အကျိုးရလဒ်ဖြစ် ပါတယ်။ ခုနကဥပမာအရဆိုရင်၊ မီးအလင်းရောင် ရတဲ့အတွက် အခန်းပတ်ဝန်းကျင်ကို မြင်ရပြီး စိတ်သက်တောင့် သက်သာ ဖြစ်ရတဲ့ ခံစားချက်ကို ဆိုလိုပါတယ်။
အလေ့အကျင့်တိုင်းဟာ ဒီအဆင့်တွေအတိုင်းပဲ ဖြစ်နေတာပါ။ သင် မနက်တိုင်း ကော်ဖီ သောက်ပါသလား။ အိပ်ရာထဖို့က သင့်ရဲ့ အစဖြစ်ပြီး စိတ်လန်းဆန်းဖို့က သင့်ရဲ့ဆန္ဒပါ။ ဒါကြောင့် အိပ်ယာထဲက ကုန်းရုန်းထပြီး ကော်ဖီတစ်ခွက် ဖျော်တာက သင့်ရဲ့ လက်တွေ့လုပ်ဆောင်မှု။ လန်းဆန်းပြီး ဦးနှောက်ကြည့်သွားတာက အဲဒါတွေရဲ့ အကျိုးရလဒ်ပါ။ ဒါဆိုရင် သင့်အနေနဲ့ အလေ့အကျင့်တွေရဲ့ အလုပ်လုပ်ပုံကို နားလည်လောက်ပါပြီ။
အလေ့အကျင့်အသစ်တစ်ခု တည်ဆောက်ရာမှာ သေချာပေါက်လုပ်ဖြစ်အောင် တွန်းအားပေးနိုင်တဲ့ သဲလွန်စတစ်ခု ရှိဖို့လိုသလို သေချာပေါက် အကောင်အထည်ပေါ်စေမဲ့ အစီအစဉ်တစ်ခုလဲ ရှိဖို့ လိုပါတယ်။
အလေ့အကျင့်တစ်ခုမှာ အကြောင်းအရာလေးခုပါတယ်ဆိုတာ သိသွားပြီဆိုရင် ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတွေကို ဘယ်လို အစပြုပျိုးထောင်မလဲ။ ဥပမာ - သင့်အနေနဲ့ ဂစ်တာတီး သင်ဖို့ အရူးအမူးဖြစ်နေတယ်ဆိုပါစို့။ ဒါကြောင့် ဂစ်တာ ကောက်ကိုင်ပြီး အခြေခံ လက်ကွက်လေးတွေ တီးကြည့်တယ်။ ဒါပေမဲ့ ဒီလိုလေ့ကျင့်ဖို့ကိုပဲ မနည်းကြိုးစားနေရတယ်။ မနက်ခင်းတိုင်း နောက်မှ တီးတော့မယ်တွေးကာ နေ့ရက်တွေ ကုန်သွားတတ်ပြီး၊ ဂစ်တာကို ကောက်မကိုင်ဖြစ်တဲ့ရက်တွေတောင် ရှိလာတယ်ဆိုပါစို့။
သင့်အနေနဲ့ အလေ့အကျင့်တည်ဆောက်ခြင်းရဲ့ လျှို့ဝှက်ချက်ကို သိထားပြီးပြီးပဲ။ ဒါကို အကျိုးရှိရှိ အသုံးချလိုက်စမ်းပါ။ ဒါကြောင့် ဂစ်တာကောက်ကိုင်ဖို့ အခွင့်အရေးပိုများအောင် ဂစ်တာကို မြင်သာတဲ့နေရာမှာ ထားပါ။ ဗီဒိုထဲထည့်ထားတာ၊ အခန်းထောင့်ကြားမှာ ထောင်တာမျိုးထက် ဧည့်ခန်းနံရံမှာ ချိတ်ထားပါ။ ဂစ်တာကို သင် အမြဲမြင်ရမဲ့နေရာမှာ ထားခြင်းက သင့်ရဲ့ ဂစ်တာတီးချင်စိတ်ကို လက်တွေ့ အလေ့အကျင့် တစ်ခုအဖြစ် ပြောင်းလဲပစ်စေနိုင်ပါတယ်။
ပတ်ဝန်းကျင်အနေအထားကို ပြောင်းလဲခြင်းက အလေ့အကျင့်တည်ဆောက်တဲ့နေရာမှာ အထောက်အကူ ဖြစ်ပါတယ်။ ဒါပေမဲ့၊ လုံးဝ ပြီးပြည့်စုံချင်တယ်ဆိုရင်တော့ အကောင်အထည်ဖော်မဲ့ ရည်ရွယ်ချက်တွေ ရှိဖို့ လိုပါတယ်။ အကောင်အထည်ဖော်မဲ့ ရည်ရွယ်ချက်တွေဆိုတာက ဘာကို ပြောတာပါလဲ။ အလေ့အကျင့်ကောင်းတွေ တည်ဆောက်တဲ့နေရာမှာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေက မသေချာမရေတာ များပါတယ်။ ဥပမာ - ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ပိုစားတော့မယ်။ ဂစ်တာတီး သင်တော့မယ်။ ဒါတွေကို ကျွန်တော်တို့ လိုက်လုပ်နိုင်မယ်လို့ လွယ်လွယ်လေး မျှော်လင့်တတ်ကြပါတယ်။ အကောင်အထည်ဖော်မဲ့ ရည်ရွယ်ချက်တွေက ဒီလိုမရေရာ မသေချာတာတွေကို လက်တွေ့ လုပ်ဖြစ်အောင် တွန်းအားပေးနိုင်ပါတယ်။
ဂစ်တာတီးတဲ့ ဥပမာကိုပဲ ကြည့်ကြရအောင်ပါ။ “တစ်ရက်ရက်မှာ ဂစ်တာတီး လေ့ကျင့်မယ်” လို့ ပြောမဲ့အစား၊ ဂစ်တာတီးမဲ့ရက်ကို အတိအကျသတ်မှတ်ပြီး အလန်းပေးထားပါ။ အလန်းမြည်တာနဲ့ တစ်ပြိုင်နက် ဂစ်တာကို ကောက်ကိုင်ပြီး တစ်နာရီခန့် လေ့ကျင့်လိုက်ပါ။ အကောင်အထည်ဖော်မဲ့ ရည်ရွယ်ချက်တွေ ဖန်တီးပြီး သင့်ကိုသင် ရှင်းလင်းတဲ့ အစီအစဉ်နဲ့ မြင်သာတဲ့အစပြုမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒါက ကောင်းမွန်တဲ့အလေ့အကျင့်တဲ့ တည်ဆောက်တဲ့နေရာမှာ အံ့ဩစရာကောင်းအောင် လွယ်ကူစေပါတယ်။
ဒီအချက်ကို ဘော်စတွန်မြို့က ဒေါက်တာ အန်နီသွန်းဒိုက်က သက်သေပြခဲ့ပါတယ်။ သူက သူ့လူနာတွေကို ကျန်းမာတဲ့စားသောက်မှု အလေ့အကျင့်တွေ ရရှိအောင် ကူညီပေးချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို သတိတရစားဖို့ အင်မတန် ခက်တယ်ဆိုတာကို သူ သိထားပါတယ်။ ဒါကြောင့် သူနဲ့သူ့လုပ်ဖော်ကိုင်ဖက်တွေက စမ်းသပ်မှုတစ်ခု လုပ်ပါတယ်။ အဲဒါကတော့၊ ဆေးရုံရဲ့ ကိုယ်တိုင်မှာယူစားသောက်ရတဲ့ စားသောက်ဆိုင်ကို နေရာအနေအထား ပြောင်းလိုက်ပါတယ်။ ငွေရှင်းကောင်တာဘေးက အအေးဗူးတွေ ထည့်ထားတဲ့ ရေခဲသေတ္တာထဲမှာ ရေသန့်ဘူးတွေ၊ ရေသန့်ကဒ်တွေနဲ့ အစားထိုးလိုက်တာပါ။ ပြီးတော့ ဘာဖြစ်မလဲဆိုတာကို သူတို့အဖွဲ့ စောင့်ကြည့်ပါတယ်။
၃ လကြာပြီးတဲ့နောက်မှာ အအေးဗူးရောင်းအား ၁၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ရေသန့်ရောင်းအားက ၂၅ ရာခိုင်းနှုန်းကျော်အထိ တိုးတက်လာပါတယ်။ လူတွေ ရေများများသောက်ဖို့ သဲလွန်စ ဖန်တီးပေးခြင်းက လူတွေကို ပိုကျန်းမာစေတဲ့ရွေးချယ်မှု ဖြစ်စေခဲ့ပါတယ်။ တစ်နည်းပြောရရင် အတင်းအကြပ်တိုက်တွန်းတာမျိုးမရှိဘဲ လူတွေကို ပိုကောင်းတဲ့အလေ့အကျင့် တည်ဆောက်ပေးလိုက်တာပါပဲ။ ဒါကြောင့် သင့်ပတ်ဝန်းကျင်အနေအထားကို ပြောင်းလဲခြင်းက ပိုကောင်းတဲ့အလေ့အကျင့်တွေ မွေးမြူနိုင်ဖို့ အထောက်အကူအများကြီး ပေးနိုင်ပါတယ်။
သင့်စိတ်ကို ဆွဲဆောင်မှုရှိတဲ့အရာတွေနဲ့အတူ အလေ့အကျင့်တွေကို ချိတ်ဆက် ထားပါ။
၁၉၅၄ ခုနှစ်မှာ၊ ဦးနှောက်နဲ့အာရုံကြောသိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ ဂျိမ်းစ်အိုး နဲ့ ပီတာမီနာ (James Olds and Peter Milner) တို့က စိတ်ဆန္ဒတွေရဲ့ နောက်ကွယ်မှာရှိတဲ့ ဦးနှောက်နဲ့ အာရုံကြောရဲ့ လုပ်ဆောင်ချက်တွေကို စူးစမ်းလေ့လာခဲ့ကြပါတယ်။ ဦးနှောက်ရဲ့ ဒိုပါမင်း ထုတ်လွှတ်မှုကို တားဆီးဖို့ လျှပ်စစ်ပလပ်ခေါင်းတွေသုံးပြုလျက် ကြွက်တွေကို စမ်းသပ်ခဲ့ပါတယ်။ ရလဒ်က အံ့အားသင့်စရာ ကောင်းလှပါတယ်။ ဓာတ်ခွဲခန်းထဲက ကြွက်တွေမှာ အသက်ရှင်လိုစိတ် နည်းသွားတာကို တွေ့ရလို့ပါ။ ဒိုပါမင်းဓာတ် မရှိတဲ့အခါ အစားစာချင်စိတ်၊ ရေသောက်ချင်စိတ် မရှိတော့သလို တခြားဘာကိုမှ ထထကြွကြွ မလုပ်ချင်တော့ပါဘူး။ ဒီလိုနဲ့ ရက်အနည်းငယ်ကြာ လာတဲ့အခါ အဲဒီကြွက်တွေအားလုံး ရေငတ်ပြီး သေသွားပါတယ်။
ပြောချင်တာက ဒိုပါမင်းဓာတ်ရဲ့ အရေးပါပုံကိုပါ။ ဒိုပါမင်းဓာတ်က လူတွေရဲ့စိတ်ကို လှုံ့ဆော်ပေးတဲ့နေရာမှာ တကယ်ကို အရေးပါ,ပါတယ်။ ကျွန်တော်တို့ ရှင်သန်ဖို့အတွက် လိုအပ်တဲ့ အကျိုးရှိတဲ့အရာတွေ ( ဥပမာ - အစာစားခြင်း၊ ရေသောက်ခြင်း၊ လိင်ကိစ္စ ပြုမူခြင်းတွေ)ကို ပြုလုပ် တိုင်း ဒိုပါမင်းဓာတ်တွေ ထွက်ပါတယ်။ ပြီးတော့ ကောင်းမွန်တဲ့စိတ်ခံစားချက်တွေ ခံစားရပါတယ်။ ဒီလို စိတ်ကျေနပ်မှုပေးနိုင်တဲ့ ခံစားချက်တွေက အဲဒါတွေကို ထပ်ခါထပ်ခါ လုပ်ချင်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
ဒိုပါမင်းဓာတ်ရဖို့အတွက် စိတ်ကျေနပ်မှုပေးနိုင်တဲ့အရာတွေကို လက်တွေ့မလုပ်ဘဲ စိတ်ကူး တွေးတောကြည့်ရင်တောင် တော်တော်လေး လုံလောက်ပါတယ်။ ဘာလို့လဲဆိုတော့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုစနစ်မှာ တစ်ခုခုကို လုပ်ဖို့ဆန္ဒရှိတဲ့အခါ ခံစားရတဲ့ စိတ်ခံစားချက်နဲ့ တကယ်လက်တွေ့ လုပ်ဆောင်တဲ့ စိတ်ခံစားချက်က တန်းတူ ဖြစ်နေလို့ပါ။ ဒါကို ကျွန်တော်တို့ရဲ့ အားသာချက်အဖြစ် အသုံးချနိုင်ပါတယ်။ အလေ့အကျင့်အသစ်တစ်ခု မွေးမြူနေစဉ်မှာ၊ အဲဒါကိုလုပ်ဖို့ ဆန္ဒရှိခြင်းက တကယ်လိုက်လုပ်ဖို့အတွက် အလားအလာအများကြီး ရှိစေပါတယ်။
အလေ့အကျင့်အသစ်တစ်ခု မွေးမြူရာမှာ ထိရောက်တဲ့ယူဆချက်တစ်ခု ရှိပါသေးတယ်။ ဒါကတော့ ဆွဲဆောင်မှုကောင်းအောင် ပြင်ဆင်ခြင်းပါ။ သင့်ဘဝအတွက် အထောက်အကူပြုတဲ့ အလေ့အကျင့်တစ်ခုကို လုပ်ချင်စိတ် မရှိဘူးဆိုပါစို့။ ဒါဆို၊ သင့်စိတ်ကို ဆွဲဆောင်နိုင်မဲ့ အရာတစ်ခုနဲ့ အဲဒီအလေ့အကျင့်ကို ချိတ်ဆက်ထားလိုက်ပါ။
ရိုနန်ဘန်းဟာ အိုက်ယာလန်က အင်ဂျင်နီယာကျောင်းသားတစ်ယာက် ဖြစ်ပါတယ်။ ရိုနန်က သူ ဒီထက်မက လေ့ကျင့်ခန်း လုပ်ရမယ် ဆိုတာကို သိပေမဲ့ လေ့ကျင့်ခန်းလုပ်ရမှာကို နည်းနည်းလေး မှ စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ နက်ဖလစ်ဇာတ်ကားတွေ ကြည့်ရတာကို အလွန်ကြိုက်ပါတယ်။ ဒါကြောင့် ရိုနန်က လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာသုံးတဲ့ အားကစားစက်ဘီးကို သူ့လပ်တော့နဲ့ ချိတ်ဆက်ပြီး ကုဒ်တချို့ ရေးထည့်ပါတယ်။ ဒါကတော့ သူ စက်ဘီးစီးလေ့ကျင့်လို့ သတ်မှတ်တဲ့အရှိန် ရလာမှ နက်ဖလက်အပလီကေးရှင်း ပွင့်လာဖို့ပါ။ ဒီလိုလုပ်ဆောင်ခြင်းက ကိုယ် မလုပ်ချင်တဲ့ အရာတွေကို လုပ်ချင်အောင်၊ မနှစ်ခြိုက်တဲ့ အရာတွေကို နှစ်ခြိုက်လာအောင် ကူညီပေးနိုင်ပါတယ်။
အလေ့အကျင့်တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် အဲဒီအလေ့အကျင့်ကို တတ်နိုင်သမျှ လွယ်ကူအောင် လုပ်ပါ။
အလေ့အကျင့်တွေကို ပျော်ရွှင်စရာဖြစ်အောင် ဖန်တီးခြင်းက အဲဒီအလေ့အကျင့်တွေကို စွဲမြဲလာစေဖို့ ရာနှုန်းပြည့် သေချာစေပါတယ်။ အလေ့အကျင့်တည်ဆောက်တဲ့နေရာမှာ နောက်ထပ် လိုအပ်ချက်တစ်ခုက လွယ်ကူအောင် လုပ်ဖို့ပါ။ လွယ်ကူတဲ့အပြုအမူတွေက ကျွန်တော်တို့ရဲ့ ဘဝတွေကို လွှမ်းမိုးနိုင်ပါတယ်။ ဖုန်းကို တစ်ချိန်လုံး ထိုင်ပွတ်တာ၊ သရေစားတွေ အများကြီး စားတာ၊ ဒါတွေက အင်မတန်လွယ်ကူတဲ့ အလေ့အထတွေပါ။ ဒိုက်ထိုးတာ၊ ဘာသာစကား လေ့လာတာတို့ကျ ကိုယ့်အတွက် အကျိုးရှိပေမဲ့ အားစိုက်ထုတ်ရတဲ့အရာတွေဖြစ်တဲ့အတွက် လုပ်ဖို့ ခက်ပါတယ်။ ဒါကြောင့်လဲ ပိုနေတဲ့ အချိန်တွေမှာ လေ့ကျင့်ခန်းလုပ်ဖို့၊ ဘာသာစကားလေ့လာဖို့ ဆန္ဒ မရှိကြတာပါ။
ဒါကြောင့် ကျွန်တော်တို့လုပ်ချင်တဲ့ အပြုအမူတွေကို လွယ်နိုင်သမျှလွယ်ကူအောင် လုပ်ပါ။ ဒါကို အလေ့အကျင့်တစ်ခုဖြစ်လာအောင် ပြောင်းလဲပါ။ ဥပမာ - ဂျိမ်းကလီးယားကို ကြည့်ပါ။ သူက ပို့စ်ကဒ်တွေ ပေးပို့ဖို့ အမြဲပျက်ကွက်တတ်သူပါ။ ဒါပေမဲ့ သူ့ဇနီးကတော့ ပို့စ်ကဒ်ပို့ပေးရမဲ့ အချိန်တွေရောက်တိုင်း တစ်ခါမှ မပျက်ကွက်ပါဘူး။ ဒီလို ဖြစ်ရတဲ့အကြောင်းအရင်း ရှိပါတယ်။ ဒါကတော့ ဂျိမ်းရဲ့ဇနီးက သူ့အိမ်မှာ ပို့စ်ကဒ်ထည်တဲ့ပုံး ထားပြီး၊ အချိန်ရရင်ရသလို ပို့စ်ကဒ်တွေကို အမျိုးအစား ခွဲထားပါတယ်။ ဒီလို နည်းနည်းချင်းပြင်ဆင်ထားခြင်းက လိုအပ်တဲ့အချိန်မှာ ဝမ်းနည်း စကားပဲဖြစ်ဖြစ်၊ နှုတ်ဆက်စကားပဲဖြစ်ဖြစ် အလွယ်တကူ ပို့ပေးလို့ ရစေပါတယ်။
ဒါကြောင့် တီဗွီရှေ့မှာ အချိန်ဖြုန်းတာ နည်းချင်တယ်ဆိုရင် တီဗွီပလပ်ကြိုးကို ဖြုတ်ထားတာမျိုး၊ ရီမုကွန်ထိုးမှာ ဓာတ်ခဲဖြုတ်ထားတာမျိုး လုပ်ပါ။ ဒါက သင့်အနေနဲ့ တီဗွီကြည့်ချင်စိတ်ဖြစ်ရင်တောင် အလွယ်တကူမရနိုင်တဲ့အတွက် ကြည့်ချင်စိတ် နည်းသွားစေပါတယ်။ အလေ့အကျင့် တစ်ခုကို ရေရှည်အလွယ်တကူဖြစ်အောင် ကြိုးစားရာမှာ ၂မိနစ် စည်းမျဉ်းကို အသုံးချပါ။ ဆိုလိုတာက ၂ မိနစ်အတွင်းလုပ်နိုင်တဲ့ အလေ့အကျင့် တစ်ခုအဖြစ် မွေးမြူဖို့ပါ။ ဒါက “ငါ လုပ်နိုင်တယ်” ဆိုတဲ့ ခံစားချက် ဖြစ်စေပါတယ်။ ဒါကြောင့် စာအုပ်တစ်အုပ်ဖတ်ဖို့ တွေးထားတယ်ဆိုရင် တစ်ခါတည်း တစ်အုပ်လုံး မဖတ်ပါနဲ့။ တစ်ညလျှင် နှစ်မျက်နှာလောက်သာ ဖတ်တဲ့အကျင့် လုပ်ပါ။
ဒါမှမဟုတ် မာရသွန် အပြေးပြိုင်ချင်တယ် ဆိုပါစို့။ ဒါဆိုရင် နေ့တိုင်း အပြေးလေ့ကျင့်ပါ။ ဒီလို နည်းနည်းချင်းလေ့ကျင့်ခြင်းက အလေ့အကျင့် အလွယ်တကူရနိုင်သလို အောင်မြင်နိုင်ခြေလဲ ပိုများပါတယ်။ ဖိနပ်ကို ဆွဲကိုင်လိုက်တာနဲ့ ပြေးဖို့အဆင့်သင့်ဖြစ်နေပါလိမ့်မယ်။ စာနှစ်မျက်နှာ ဖြတ်ပြီးတာနဲ့ ဆက်ဖတ်ဖြစ်ဖို့ ပိုများပါတယ်။ ဒါကြောင့် တစ်ခုခုကို အကောင်အထည်ဖော်ဖို့အတွက် အရေးကြီးဆုံးက ပထမ ခြေလှမ်းပါပဲ။
ချက်ချင်းစိတ်ကျေနပ်မှုပေးနိုင်တဲ့ အလေ့အကျင့်တွေက အမူအကျင့် ပြောင်းလဲတဲ့ နေရာမှာ ထိရောက်မှု ရှိပါတယ်။
လူထုကျန်းမာရေး သုတေသနပညာရှင် စတီဖင်လူဘီ(Stephen Luby)ဟာ သူ့မွေးရပ်မြေက ကလေးတွေကြား ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကို ၅၂ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင်၊ အဆုတ်ရောင်ရောဂါဖြစ်ပွားမှု ၄၈ ရာခိုင်နှုန်းနဲ့ အရေးပြားကူးစက်မှုရောဂါ ၃၅ ရာခိုင်နှုန်း အထိကိုလဲ လျှော့ချနိုင်ခဲ့ပါတယ်။ ဒီလိုလျှော့ချနိုင်တဲ့ သူ့ရဲ့လျှို့ဝှက်ချက်က ဘာဖြစ်မယ် ထင်ပါသလဲ။ အခြားအရာ မဟုတ်ပါ။ အရည်အသွေးကောင်းတဲ့ဆပ်ပြာ ဖြစ်ပါသတဲ့။ သင် အံ့ဩသွားတယ် မဟုတ်ပါလား။ ဒါက ပါကစ်စတန်၊ ကရာချီမြို့နယ်မှာ တကယ်ဖြစ်ခဲ့တာပါ။
လက်ဆေးခြင်းနဲ့ ရေးဆိုးမြောင်းနုတ်ခြင်းက ဒီလိုကျန်းမာရေးပြဿနာတွေကို အများကြီး လျှော့ချပေးနိုင်ပါတယ်။ ဒီအချက်ကို ဒေသခံတွေလဲ နားလည်ထားကြပါတယ်။ ဒါပေမဲ့ ဒါကို အလေ့အကျင့်တစ်ခုအဖြစ် ကျင့်သုံးဖို့ကျ ခက်ခဲနေကြတာပါ။ ဒါကြောင့် လူဘီ(Stephen Luby)က အနီးနားပတ်ဝန်းကျင်ရှိ လူတွေကို အရည်အသွေးကောင်းတဲ့ဆပ်ပြာခဲတွေ အလကား ဝေငှ ပေးခဲ့ပါတယ်။ ညတွင်းချင်းပဲ လက်ဆေးခြင်းက စိတ်ကျေနပ်စရာကောင်းတဲ့ အထိအတွေ့တစ်ခု ဖြစ်စေခဲ့ပါတယ်။ ဆပ်ပြာခဲအသစ်က အမြှုပ်ထွက်အားကောင်းပြီး အနံ့လေးက သင်းနေတာပါ။ ဆပ်ပြာခဲရဲ့ ကျေနပ်စရာကောင်းတဲ့ အရည်အသွေးကြောင့် လူတိုင်းနီးပါး လက်ဆေးခဲ့ကြပါတယ်။
ဒီအဖြစ်အပျက်ကနေ ဘာပြောချင်သလဲဆိုတော့၊ အလေ့အကျင့်တွေဟာ စိတ်ကျေနပ်မှုရဖို့ လိုအပ်တယ် ဆိုတာပါပဲ။ ဒါပေမဲ့၊ ကျွန်တော်တို့ဟာ အကျိုးပြန်ရမှု နှောင့်နှေးတဲ့ ခေတ်ကြီးထဲမှာ နေထိုင်နေကြရတာပါ။ ဒီနေ့ ရုံးစတက်ပေမဲ့ လစာကိုတော့ လကုန်မှ ရကြပါတယ်။ မနက်ခင်း အားကစားခန်းမမှာ လေ့ကျင့်ခန်းသွားလုပ်လဲ ညတွင်းချင်း ဝိတ်မကျနိုင်ပါဘူး။ ဒါကြောင့် အလေ့အကျင့်ကောင်းတွေကနေ စိတ်ကျေနပ်မှု ချက်ချင်းရဖို့က ခက်ခဲပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင်တွေကတော့ ဒီလိုမျိုး အကျိုးရလဒ်နှောင့်နှေးတဲ့အရာတွေကို မစဉ်းစားခဲ့ကြပါဘူး။ အလုပ် မလုပ်နိုင်တော့တဲ့အချိန်မှာသုံးဖို့ ပိုက်ဆံစုတာတို့၊ ဝိတ်ကျဖို့ အစားရှောင်တာတို့ မရှိခဲ့ပါဘူး။ သူတို့အတွက် ချက်ချင်းအကျိုးပြန်ရတဲ့ အမဲလိုက်ခြင်း၊ နေရာထိုင်ခင်း ရှာခြင်း၊ အန္တရာယ်ကလွတ်မြောက်ဖို့ သတိဝီရိယထားခြင်းတို့လောက်သာ ရှိခဲ့တာပါ။ ဒီတော့၊ ခုခေတ်မှာတော့ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ အရင်ကနဲ့မတူ၊ တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။
ချက်ချင်းအကျိုးပြန်ပေးမဲ့အရာတွေပေါ် အလေးထားခြင်းက ဆိုးရွားတဲ့အလေ့အကျင့်တွေ ဖြစ်စေနိုင်တာကိုတော့ သတိပြုပါ။ ဥပမာ - ဆေးလိပ်သောက်ခြင်းက စိတ်ဖိစီးမှု လျော့ကျစေပြီး၊ နီကိုတင်းဓာတ်ကို စွဲလန်းစေပါတယ်။ ဒါပေမဲ့၊ ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာကို နှစ်ပေါင်း ၂၀ အတွင်း ဖြစ်စေနိုင်ပါတယ်။
အကျိုးပေးဖို့ အချိန်ကြန့်ကြာတဲ့ အလေ့အကျင့်တွေနောက် လိုက်တဲ့အခါ၊ လက်ငင်း အကောင်အထည် မပေါ်သေးပေမဲ့ စိတ်ကျေနပ်မှု တချို့ ချက်ချင်းရနေဖို့ အရေးကြီးပါတယ်။ ဥပမာ - ရို့စ်တို့ လင်မယားကို ကြည့်ပါ။ သူတို့ဟာ အပြင်ထွက်စားတာမျိုး မလုပ်ဘဲ၊ အိမ်မှာပဲ ချက်စားကြပါတယ်။ ဒါက ကျန်းမားရေးနဲ့ ညီညွတ်သလို ဘတ်ဂျက်ချွေတာပြီးသားလဲ ဖြစ်ပါတယ်။ အပြင်ထွက်စားမဲ့ ကုန်ကျ စရိတ်ကို စုဘူးထဲ ထည့်ပါတယ်။ စုဘူးမှာလဲ “ဥရောပသို့ ခရီးသွားရန်” လို့ ရေးထားပါတယ်။ ဒါကြောင့် သူတို့ရည်ရွယ်ချက် ချက်ချင်းမပြည့်ပေမဲ့ စုဘူးထဲ ပိုက်ဆံထည့်တိုင်း စိတ်ကျေနပ်မှုကို အမြဲခံစားရပါတယ်။ ဒီကျေနပ်မှုက သူတို့အိမ်မက် တကယ်လက်တွေ့ဖြစ်လာဖို့ တွန်းအားပေးနိုင်ပါတယ်။
အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်လို့ရတဲ့နည်းလမ်းတွေ ရှိပါတယ်။
ရည်ရွယ်ချက်ကောင်းတွေကို ဘယ်လိုစွဲကိုင်မလဲ။ သမိုင်းတစ်လျှောက်မှာ လူတွေဟာ သူတို့ရဲ့အလေ့အကျင့်တွေကို ထိန်းသိမ်းခြင်းဖြင့် အောင်မြင်ခဲ့ကြပါတယ်။ လူသိများထဲသူတွေထဲက တစ်ယောက်ကို ပြောရရင် ဘင်ဂျမင်ဖရန်ကလင် ဆိုပါတော့။ အသက် ၂၀ ကစလို့ ဖရန်ကလင်ဟာ ကိုယ်ကျင့်တရားဆိုင်ရာ အလေ့အထကောင်း ၁၃ မျိုးကို လိုက်နာဖို့ စာအုပ်ထဲမှာ ရေးထားပါတယ်။ ဒီအလေ့အထကောင်းတွေထဲမှာ အတင်းအဖျင်းပြောတာကို ရှောင်ဖို့နဲ့ အသုံးဝင်တဲ့အရာတွေ အမြဲလုပ်ဖို့ ပါဝင်ပါတယ်။ ညတိုင်း ဖရန်ကလင်ဟာ သူ့ရဲ့တိုးတက်မှုတွေကို နယ်ပယ်တစ်ခုချင်းစီမှာ ချရေးလေ့ရှိပါတယ်။ သင့်အနေနဲ့လဲ ဖရန်ကလင်ရဲ့နည်းလမ်းကို အတုယူနိုင်ပါတယ်။
နောက်ထပ်နည်းလမ်းတစ်ခု ရှိပါသေးတယ်။ ဒါကတော့ အလေ့အကျင့်တစ်ခု ပျိုးထောင်တဲ့နေရာမှာ သဘောတူညီချက်ထားခြင်းပါ။ တစ်နည်းပြောရရင် လောင်းကြေးထပ်တဲ့ သဘောပါပဲ။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဘရန်ဟားရစ် (Bryan Harris)ဟာ အလေ့အကျင့်တစ်ခု ပျိုးထောင်ရာမှာ သဘောတူညီချက်တွေ ထားတတ်သူပါ။ သူ့ခန္ဓာကိုယ် အလေးချိန်ကို ပေါင် ၂၀၀ အထိ လျော့ချဖို့ သန္နိဌာန် ချထားပါတယ်။ ဒီအတွက် လိုအပ်တဲ့ အလေ့အကျင့်တွေ သတ်မှတ်ပြီး နေ့စဉ်လုပ်ဖို့ ဆုံးဖြတ်ပါတယ်။ တကယ်လို့ ပျက်ကွက်ခဲ့ရင် သူ့ကိုယ်သူ ဒဏ်ပေးဖို့လဲ ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်လို့ အစားအသောက် မဆင်မခြင်စားမိခဲ့ရင် သူ့ရဲ့ထရိန်နာကို ဒေါ်လာ ၁၀၀ ပေးရမယ်၊ ဝိတ်ချိန်ဖို့ မေ့နေခဲ့ရင် သူ့ဇနီးကို ဒေါ်လာ ၅၀၀ ပေးရမယ်၊ ဆိုပြီး စည်းမျဉ်းသတ်မှတ်ခဲ့တာပါ။
ပိုက်ဆံနှမြောတာက တစ်ကြောင်း၊ လူနှစ်ယောက်ရှေ့မှာ မျက်နှာပျက်မှာ ကြောက်တာက တစ်ကြောင်းကြောင့် ဒီနည်းက ဟာရီအတွက် အလုပ်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ လူတွေဟာ လူမှုရေးသတ္တဝါတွေပါ။ ပတ်ဝန်းကျင်ရဲ့သဘောထားအမြင်တွေကို အလေးတယူ ရှိကြမြဲပါ။ ရိုးရိုး ရှင်းရှင်း ဥပမာဆိုရရင်၊ သင့်ကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေတယ်ဆိုတဲ့အသိဟာ သင့်ကို အောင်မြင်အောင် တွန်းအားပေးနိုင်ပါတယ်။
သင့်အနေနဲ့ ဟယ်ရီလိုမျိုး အသေးစိတ်မလုပ်နိုင်ရင်တောင် သင့်လက်တွဲဖော်နဲ့ ကတိကဝတ် ထားတာမျိုး၊ သင့်သူငယ်ချင်းနဲ့ လောင်းကြေးထပ်တာမျိုး လုပ်သင့်ပါတယ်။ ကောင်းမွန်တဲ့ အလေ့အကျင့်တွေက ဘယ်လောက်ပဲ သေးငယ်ပါစေ၊ ဘဝရဲ့ အောင်မြင်မှုကြီးတွေကို ပေးစွမ်းနိုင် ပါတယ်။
အသုံးချနိုင်ရန် အကြံပြုချက်
ပြောင်းလဲမှုသေးသေးလေးတွေက သင့်ဘဝကို ညတွင်းချင်း ပြောင်းလဲ မပေးနိုင်ပါဘူး။ ဒါပေမဲ့ ဒီအပြုအမူသေးသေးလေးလေးတွေကို နေ့စဉ်လုပ်နေကျ အလေ့အကျင့်တစ်ခုအဖြစ် မွေးမြူလိုက်မယ်ဆိုရင်တော့ သင့်ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်လာမှာ အသေအချာပါပဲ။ ဘဝကို ပြောင်းလဲဖို့ဆိုရာမှာ အရာရာတိုင်းကို ချက်ချင်းပြောင်းလဲရမယ်လို့ ဆိုလိုတာ မဟုတ်ပါ။ ကောင်းမွန်တဲ့အလေ့အကျင့်တွေကို ပျိုးထောင်ခြင်းက မျှော်လင့်ထားတဲ့အကျိုးရလဒ်တွေကို သေချာပေါက် ရစေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အလေ့အကျင့်အသစ်တစ်ခု မွေးမြူတော့မယ် ဆိုရင် အဲဒါကို အလေးအနက်ထားပါ။
စိတ်ကူးမြေပုံ — မေ့သွားရင် ပြန်ကြည့်ဖို့
စာအုပ်ထဲက အရေးကြီးတဲ့ အချက်တွေကို အလွယ်တကူ ပြန်အမှတ်ရချင်ပါသလား။ မှတ်ဥာဏ်ကို ပြန်နွှေးလို့ရအောင် စာအုပ်တစ်အုပ်ချင်းစီအတွက် စိတ်ကူးမြေပုံတွေ ထည့်သွင်းပေးထားပါတယ်။
စာအုပ်တစ်အုပ်လုံး တစ်မျက်နှာအဖြစ်။
+ ပါတဲ့ အကွက်ကို နှိပ်ပြီး အောက်အဆင့် ဖြာထွက်ကြည့်ပါ · − က ပြန်ခေါက်သိမ်းရန်
လက်တွေ့လေ့ကျင့်ခန်း — စာတွေ့မှ လက်တွေ့ဘဝထဲသို့
တစ်ခုပြီးတိုင်းမှာ ပါဝင်တဲ့ လေ့ကျင့်ခန်းမေးခွန်းတွေက စာဖတ်ရုံသက်သက် မဟုတ်ဘဲ ဖတ်လိုက်တာကို လက်တွေ့နှင့် ချိတ်ဆက်အသုံးချနိုင်တဲ့ အဆင့်ထိရောက်အောင် ဆွဲခေါ်ပေးသွားပါလိမ့်မယ်။
မေးခွန်း ၇ ခုလုံး စာအုပ်ထဲက အစစ်အမှန်ပါ — အဖြေကတော့ သင့်ဘဝထဲကပါ။
မေးခွန်းတစ်ခုကို နှိပ်ကြည့်ပါ — အဖြေဟာ မှန်/မှား မဟုတ်ဘဲ သင့်ကိုယ်ပိုင် အတွေ့အကြုံ ဖြစ်ပါတယ်။
ကိုယ်ပိုင်မှတ်စု — ဖတ်ရင်းနဲ့ မှတ်သားဖို့
စာဖတ်ရင်းနဲ့ သဘောကျတဲ့ စာသားတွေကို တစ်ခါတည်း မှတ်သားထားလိုက်ပါ။ App ထဲမှာတင် တိုက်ရိုက် Highlight လုပ်ပြီး၊ ပေါ်လာတဲ့ အတွေးတွေကို မှတ်စုထုတ် သိမ်းဆည်းထားလို့ ရပါတယ်။
မှတ်သားလိုက်တိုင်း အမျိုးအစားအလိုက် အလိုအလျောက် ခွဲသိမ်းပေးလို့ နောက်ပြန်ရှာရတာ လွယ်ပါတယ်။
စာကြောင်းတစ်ကြောင်းကို နှိပ်ပြီး မှတ်သားကြည့်ပါ
သေးငယ်တဲ့ အလေ့အကျင့်လေးတွေက သင့်ဘဝကို အကျိုးသက်ရောက်မှု အများကြီး ပေးနိုင်ပါတယ်။ လက်တွေ့လုပ်နေတဲ့အချိန်မှာ အကျိုးသက်ရောက်မှုက မသိသာပေမဲ့၊ နေ့စဉ်နဲ့အမျှ ထပ်တလဲလဲ လုပ်နေမယ်ဆိုရင်တော့ ပေါင်းစုမိတဲ့ ရလဒ်တစ်ခု ရလာမှာပါ။ ကျွန်တော်တို့ လုပ်ချင်တဲ့ အပြုအမူတွေကို လွယ်နိုင်သမျှ လွယ်ကူအောင် လုပ်ပါ။ အလေ့အကျင့်တစ်ခုကို ရေရှည် အလွယ်တကူဖြစ်အောင် ကြိုးစားရာမှာ ၂ မိနစ်စည်းမျဉ်းကို အသုံးချပါ။
စာကြောင်းတစ်ကြောင်း မှတ်သားလိုက်ရင် ဒီနေရာမှာ အမျိုးအစားအလိုက် စုသွားပါလိမ့်မယ်။
စာပေရပ်ဝန်း — အိုင်ဒီယာတွေ ဖလှယ်ပါ
စာဖတ်သူ အချင်းချင်း အသိပညာ ဗဟုသုတတွေ ဖလှယ်နိုင်မဲ့ စာပေရပ်ဝန်းတစ်ခုကို ဖန်တီးပေးထားပါတယ်။ သင်လည်း ပါဝင်ပြီးတော့ ကိုယ်ပိုင်အတွေးအမြင်တွေကို လွတ်လပ်စွာ မျှဝေလိုက်ပါ။
တစ်ယောက်တည်း ဖတ်စရာ မလိုတော့ပါဘူး။
၂ မိနစ်စည်းမျဉ်းကို တစ်ပတ်လုံး စမ်းကြည့်တယ်။ တကယ်အလုပ်ဖြစ်တယ်။
စိတ်ကူးမြေပုံကို ပုံနှိပ်ပြီး စားပွဲပေါ်မှာ ကပ်ထားလိုက်တယ်။
Deep Work နဲ့ တွဲဖတ်ရင် ပိုကောင်းတယ်လို့ ထင်တယ်။
အမျိုးအစား ၁၇ မျိုး
သင်ဘယ်လိုစာအုပ်မျိုးတွေကို ရှာဖွေနေတာလဲ?
ဘယ်လို အသုံးပြုရမလဲ?
လွယ်ကူရိုးရှင်းတဲ့ အဆင့် (၃) ဆင့်
စာအုပ်ရွေးပါ
သုတစာပေ (၁၇) မျိုးထဲက သင်စိတ်ဝင်စားတဲ့ ခေါင်းစဥ်ကနေ စတင်ပါ။ နှစ်သက်ရာ စာအုပ်တစ်အုပ် ရွေးပါ။
ဖတ်ပါ / နားထောင်ပါ
ဆိုရှယ်မီဒီယာသုံးရင်း ကုန်ဆုံးသွားမဲ့ အချိန်တွေထဲက (၁၅) မိနစ်ကို ဖဲ့ပေးပြီး App / website ကနေတဆင့် စာဖတ်ပါ / နားထောင်ပါ။
အသုံးချပါ
မှတ်စုထုတ်ပါ၊ လေ့ကျင့်ခန်းဖြေပါ၊ စိတ်ကူးမြေပုံ ပြန်ကြည့်ပါ။ သင်ရလိုက်တဲ့ အကြံဥာဏ် “တစ်ခု”ကို လက်တွေ့အသုံးချပါ။
တကယ်အကျိုးရှိမှာလား?
လက်တွေ့သုံးနေသူတွေရဲ့ စကားသံကို နားထောင်ကြည့်ပါ။
ရွေးချယ်စရာ ပလန်များ
တစ်ရက်ကို ၁၃၇ ကျပ်နဲ့ စိတ်ကြိုက်ဖတ်။
တစ်နှစ်စာ
- စာအုပ်အားလုံး အကန့်အသတ် မရှိ
- အဓိကသော့ချက် + အသံဖိုင်
- ကိုယ်ပိုင်မှတ်စုများ
- လက်တွေ့လေ့ကျင့်ခန်းများ
- စိတ်ကူးမြေပုံများ
- အပတ်စဥ် စာအုပ်အသစ်တစ်အုပ်
- Download ဆွဲထားပြီး ဖတ်ရှု/နားဆင်နိုင်ခြင်း
တစ်သက်တာ
- တစ်နှစ်စာ ပလန်ပါ အားလုံး
- နောက်တစ်ကြိမ် ငွေပေးချေရန် မလို
- ရာသက်ပန် အသုံးပြုနိုင်
မေးလေ့ရှိသော မေးခွန်းများ
ဘာတွေ သိထားသင့်လဲ?
မြန်မာဘာသာနဲ့လား? အင်္ဂလိပ်လိုရော ပါလား?
စာအုပ်အားလုံး (အဓိကသော့ချက်များ၊ လေ့ကျင့်ခန်းများ၊ စိတ်ကူးမြေပုံများ) မြန်မာဘာသာနဲ့ ဖြစ်ပါတယ်။ အသံဖိုင်တွေလည်း မြန်မာလိုပါ။ အင်္ဂလိပ်လို မပါဝင်ပါဘူး။
မူရင်းစာအုပ်ဖတ်တာနဲ့ ဘယ်ဟာ ပိုကောင်းလဲ?
Reader’s Paradise App ရဲ့ ရည်ရွယ်ချက်က စာအုပ်ထဲက အဓိကအသုံးဝင်တာတွေကို အချိန်တိုအတွင်း ရသွားစေချင်တာပါ။ အချိန်၊ ဘာသာစကား၊ ငွေကြေး ဒီလို အခက်အခဲတွေသာ မရှိဘူးဆိုရင် မူရင်းစာအုပ်တွေကို ဖတ်ဖို့ တိုက်တွန်းအားပေးပါတယ်။
ဘယ် Device တွေမှာ သုံးလို့ရလဲ?
Android ရော iOS မှာပါ အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာဖြင့် ဆိုပါက readersparadisemm.com မှနေ၍လည်း ဝင်ရောက် အသုံးပြုနိုင်ပါတယ်။
စာအုပ်အသစ်တွေရော ထပ်ဖြည့်ပေးလား?
လက်ရှိမှာ စာအုပ်ပေါင်း ၁၀၀၀ အသင့် ရှိနေပြီ ဖြစ်ပြီးတော့ အပတ်စဥ် စာအုပ်အသစ်တစ်အုပ် ပုံမှန် ဖြည့်သွင်းပေးနေပါတယ်။
အကောင့်ဘယ်လို ဖွင့်ရမလဲ? Premium ဘယ်လို ဝယ်ယူရမလဲ?
အကောင့်ဖွင့်နည်းနဲ့ Premium ဝယ်ယူနည်းကို ဤဗီဒီယို မှာ ဝင်ကြည့်နိုင်ပါတယ်။
learn more in less time
ကမ္ဘာကျော်စာအုပ်တွေ သင့်ကို စောင့်နေပါတယ်။
တစ်ရက် ၁၃၇ ကျပ်နဲ့ စာအုပ်အားလုံး၊ အသံဖိုင်အားလုံး၊ လေ့ကျင့်ခန်းအားလုံး။ ဒီနေ့ပဲ စတင်လိုက်ပါ။
တစ်နှစ်စာ ၅၀,၀၀၀ ကျပ် — မူလစျေး ၉၆,၀၀၀ ကျပ်မှ လျှော့စျေး။
သိချင်တာတွေ ရှိပါသလား?
Messenger ကနေ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Reader’s Paradise Facebook Page မှာလည်း အသစ်တွေကို စောင့်ကြည့်နိုင်ပါတယ်။